စစ်အာဏာသိမ်းမှုအပေါ်ဝေဖန်ရာတွင် ကုလလုံခြုံရေးကောင်စီက ရှားရှားပါးပါး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန် ဖေဖော်ဝါရီ ၅ အမေရိကန်၊ တရုတ်နှင့် တခြားနိုင်ငံများပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံအားပေးရန် လိုအပ်ကြောင်း အလေးထားပြောဆိုလျက် ထိန်းသိမ်းခံထားရသော ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန် ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏ ရှားရှားပါးပါး တညီတညွတ်တည်းတောင်းဆိုမှုဖြစ်သည်။ လုံခြုံရေးကောင်စီထုတ်ပြန်ချက်၌ ဒီမိုကရေစီအဖွဲ့အစည်းများနှင့်လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုမှ ရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝ လေးစားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ Configure အမေရိကန်ကလည်း စစ်တပ်၏လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံခြားအကူအညီအထောက်အပံ့နှင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ရန် စဉ်းစားသည်အထိ ဖြစ်ခဲ့ရသည်။ တရုတ်ကလည်း ၎င်းတို့သည် မြန်မာ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ပါကြောင်း
Creative Writer, Content Creator and Founder of �������� ���������� .