Skip to main content

MRTV မှဝန်ထမ်းများလက်ရှိခံစားနေရပါပြီ အိမ််လဲပြန်မရ ဖုန်းလဲပေးမသုံးပါဘူး.... မိသားစုနဲ့ပေးမတွေ့ပါဘူး

 MRTV မှဝန်ထမ်းများလက်ရှိခံစားနေရပါပြီ အိမ််လဲပြန်မရ ဖုန်းလဲပေးမသုံးပါဘူး.... မိသားစုနဲ့ပေးမတွေ့ပါဘူး

ပြန်ပေးဆွဲထားသလိုပါဘဲ..

သတင်းက Confirm ပါနော်

တနင်္လာနေ့ ရုံးတက်တဲ့ ဝန်ထမ်းတွေ

ရုံးမှာ ပိတ်မိနေမှာပါ။

#နိုင်ငံ၀န်ထမ်းများအထူးသတင်း

8-2-21 နေ့ ရုံးဆင်းချိန်တွင်

နေအိမ်သို့ ပြန်ခွင့်မပြု။

ရုံးများတွင်သာ ရက်အကန့်အသတ်မရှိ

လုံခြုံရေး အပြည့်ချလျက်

(ရုံးတွင်း အကျယ်ချုပ် တာ၀န်ထမ်းဆောင်ရန်)

စစ်အစိုးရမှ ညွှန်ကြားထားပြီး ဖြစ်သည်။ 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV အစီအစဉ်တင်ဆက်သူ Civil Disobedience Movement တွင် ပါဝင်


ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ်


မြန်မာ့အသံ (MRTV) မှ သတင်းကြေညာသူ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးကျော်သက်လင်းက အာဏာသိမ်းစစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုသဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင် နှုတ်ထွက်ကြောင်းကြေညာက Civil Disobedience Movement တွင် ပါဝင်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာလိုက်သည်။


ဦးကျော်သက်လင်းသည် MRTV ၏ ဝါရင့် အစီအစဉ်တင်ဆက်သူဖြစ်ပြီး နိုင်ငံတော်ပွဲများနှင့် အကယ်ဒမီပေးပွဲများတွင် အစီအစဉ်တင်ဆက်သူဖြစ်သည်။


" ပြည်သူလူထုမှ တရားဝင်ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဝင်ပြည်သူ့အစိုးရကို မတရားဖမ်းဆီးအာဏာသိမ်းထားသူများ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လုံးဝဆန္ဒမရှိ" ဟု ဦးကျော်သက်လင်းက ရေးသားထားသည်။


 ဖေဖော်ဝါရီ ၁ ရက်နေ့ အာရုဏ်ဦး အာဏာသိမ်းပြီးနောက် စစ်သားများက MRTV ကို တိုက်ရိုက်ထိန်းချုပ်လိုက်ပြီးနောက် ဝန်ထမ်းအချို့က ကန့်ကွက်ကြောင်းပြကာဖဲကြိုးနီကမ်ပိန်းတွင် ပါဝင်သော ဓာတ်ပုံများလည်းထွက်ပေါ်လာခဲ့သည်။

#ဆက်လက်ဖြန့်ဝေပေးပါ

Aung aye Chan


စီစစ်ဆဲ သတင်း ဖြစ်ပြီး မသေချာပါက 

ပြန်လည်ဖြုတ်ချသွားမှာဖြစ်ပါသည် ။


Upload By -U Swan Yee









Comments