Skip to main content

ရန်ကုန်မြို့လည်မှာလဲ သောင်းနဲ့ချီ ”

 သောင်းနှင့်ချီသော ပြည်သူများက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်‌ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၇ရက် ရန်ကုန်မြို.တွင် လှည်းတန်း၊ ရန်ကင်းနှင့် တာမွေများမှ ထွက်ခွာလာကြပြီး ရန်ကုန်မြို.လယ်ခေါင်ဆူးလေတွင် ပေါင်းစုမိကြသည်။ 


ဖေဖော်ဝါရီ ၆ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ အလုပ်သမားများ၊ လူငယ်များအပါအဝင် သောင်းနှင့်ချီသော ပြည်သူများက ဆန္ဒပြခဲ့ကြသည်။


စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူများသည် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာရှေ့မှ စတင်ခဲ့တာဖြစ်ပြီး လှည့်တန်းဈေး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ စမ်းချောင်းမှတဆင့် ရန်ကုန်မြို့အတွင်း လမ်းလျှောက်၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်လျက်ရှိသည်။


လူငယ်များ၊ အလုပ်သမားများသည် နနက် ၈ နာရီခွဲတွင် လှည်းတန်းမှ စထွက်ပြီး လှည်းတန်းဈေး၊ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် ချီတက်ခဲ့သည်။


ရန်ကုန်တက္ကသိုလ်ရှေ့တွင်  ရဲတပ်ဖွဲ့အင်အား ၁၀၀ နီးပါးမှ အတားအဆီး များ ချခြင်း ရေအမြှောက်ယာဥ်နှစ်စီးတို့ဖြင့် တားဆီးပိတ်ဆို့ခဲ့သည့်အတွက် ဆန္ဒပြသူများက ရှေ့ဆက်မတိုးဘဲ လှည်းတန်းလမ်းဆုံသို့ ပြန်ဆုတ်ခဲ့သည်။


လှည်းတန်းလမ်းဆုံမှ တဆင့် မြေနီကုန်း ရွှေဂုံတိုင် လမ်းဆုံနှင့် တာမွေဗလီထိပ်သို့ ချီတက်ခဲ့သည်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြချီတက်သူများသည် အာဏာရှင်ကိုဆန့်ကျင်သည့် သ‌ေင်္ကတ လက်သုံးချောင်းထောင်ခြင်း စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး စစ်အာဏာရှင်စနစ် အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ ငြိမ်းချမ်းစွာလှည့်လည် စုဝေးဆန္ဒပြခဲ့သည်။


ဆန့်ကျင်ရေး ဆန္ဒပြသူများ ချီတက်ရာလမ်းတလျှောက်တွင်  ပြည်သူများကလည်း ရေးဗူးများပေးဝေခြင်း၊ အစားအသောက်များပေးခြင်းနှင့် လက်သုံးချောင်ထောင်သည့်သကေ်တပြုလုပ်ခြင်းအပြင်  ကားဟွန်းသံတီးခြင်းတို့ဖြင့် ပါဝင်ခဲ့သည်။ 


စစ်အစိုးရက တနိုင်ငံလုံး အင်တာနက်ဖြတ်တောက်ထားချိန် ယမန်နေ့ည ၁၀ နာရီဝန်းကျင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာကြောင်း ကောလဟလများ ပျံ့နှံ့ခဲ့သော်လည်း ယနေ့ ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် လူထုက တက်ကြွစွာပါဝင်ခဲ့သည်။


Myanmar Now ၏တရားဝင် စာမျက်နှာမှ

ကောက်နူတ်တင်ပြခြင်းဖြစ်သည် ။

















Comments