Skip to main content

Posts

Kinemaster Mod App (Premium Unlock )

Kinemaster Mod App (Premium Unlock ) ခု Dollar စျေးနဲ့ 50000 ကျော်လောက်ကျမယ့် Kinemaster Premium App ကို free ရယူလိုက်ပါ Mobile phone နဲ့ video editing တွေပြုလုပ်ရာမှာ Kinemaster Pro က နံမည်ရပြီးသား app တစ်ခုမလို့ အထူးတလည် ညွန်းစရာလိုမထင်ပါဘူး 📌 ခုတင်ပေးမှာက Kinemaster ကို pro ကျကျသုံးမယ့် သူများအတွက် premium unlock လုပ်ပြီးသား Mod app download link ဖြစ်ပါတယ် Premium Unlock ဖြစ်တဲ့အတွက် Water Mark မပါတော့သလို HD video တွေ Export လုပ်နိူင်မယ် Premium Feacture တွေဖြစ်တဲ့ music library မှာ စိတ်ကြိုက် Music အစုံအသုံးပြုခွင့် Special Sound Effects တွေ Animation တွေကနေ ◾4K editing ◾No Ads ◾No Watermark ◾Chroma Key ◾3D Effects ◾Multiple Layer Editing စုံလင်စွာ ရမှာမလို့ Blog ရိုက်ကူးမည့်သူတွေ Youtuber သမားတွေ , Video Editor တွေ Music Video Maker အတွက် အသင့်တော်ဆုံးဖြစ်မှာပါ Download ဆွဲရန် link DownLoad Here  အားလုံးအဆင်ပြေကြပါစေ 🙏 မိတ်ဆွေတို့ လိုအပ်မည့် app များလည်း မေးခဲ့နိူင်ပါတယ်
Recent posts

စစ်အာဏာသိမ်းမှုအပေါ်ဝေဖန်ရာတွင် ကုလလုံခြုံရေးကောင်စီက ရှားရှားပါးပါး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန်

 စစ်အာဏာသိမ်းမှုအပေါ်ဝေဖန်ရာတွင်  ကုလလုံခြုံရေးကောင်စီက ရှားရှားပါးပါး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန်  ဖေဖော်ဝါရီ ၅  အမေရိကန်၊ တရုတ်နှင့် တခြားနိုင်ငံများပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံအားပေးရန် လိုအပ်ကြောင်း အလေးထားပြောဆိုလျက် ထိန်းသိမ်းခံထားရသော ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန် ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏  ရှားရှားပါးပါး တညီတညွတ်တည်းတောင်းဆိုမှုဖြစ်သည်။   လုံခြုံရေးကောင်စီထုတ်ပြန်ချက်၌ ဒီမိုကရေစီအဖွဲ့အစည်းများနှင့်လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုမှ ရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝ လေးစားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။  Configure အမေရိကန်ကလည်း စစ်တပ်၏လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခဲ့ပြီး  နိုင်ငံခြားအကူအညီအထောက်အပံ့နှင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ရန် စဉ်းစားသည်အထိ ဖြစ်ခဲ့ရသည်။   တရုတ်ကလည်း ၎င်းတို့သည် မြန်မာ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ပါကြောင်း

MRTV မှဝန်ထမ်းများလက်ရှိခံစားနေရပါပြီ အိမ််လဲပြန်မရ ဖုန်းလဲပေးမသုံးပါဘူး.... မိသားစုနဲ့ပေးမတွေ့ပါဘူး

 MRTV မှဝန်ထမ်းများလက်ရှိခံစားနေရပါပြီ အိမ််လဲပြန်မရ ဖုန်းလဲပေးမသုံးပါဘူး.... မိသားစုနဲ့ပေးမတွေ့ပါဘူး ပြန်ပေးဆွဲထားသလိုပါဘဲ.. သတင်းက Confirm ပါနော် တနင်္လာနေ့ ရုံးတက်တဲ့ ဝန်ထမ်းတွေ ရုံးမှာ ပိတ်မိနေမှာပါ။ #နိုင်ငံ၀န်ထမ်းများအထူးသတင်း 8-2-21 နေ့ ရုံးဆင်းချိန်တွင် နေအိမ်သို့ ပြန်ခွင့်မပြု။ ရုံးများတွင်သာ ရက်အကန့်အသတ်မရှိ လုံခြုံရေး အပြည့်ချလျက် (ရုံးတွင်း အကျယ်ချုပ် တာ၀န်ထမ်းဆောင်ရန်) စစ်အစိုးရမှ ညွှန်ကြားထားပြီး ဖြစ်သည်။  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV အစီအစဉ်တင်ဆက်သူ Civil Disobedience Movement တွင် ပါဝင် ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ် မြန်မာ့အသံ (MRTV) မှ သတင်းကြေညာသူ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးကျော်သက်လင်းက အာဏာသိမ်းစစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုသဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင် နှုတ်ထွက်ကြောင်းကြေညာက Civil Disobedience Movement တွင် ပါဝင်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာလိုက်သည်။ ဦးကျော်သက်လင်းသည် MRTV ၏ ဝါရင့် အစီအစဉ်တင်ဆက်သူဖြစ်ပြီး နိုင်ငံတော်ပွဲများနှင့် အကယ်ဒမီပေးပွဲများတွင် အစီအစဉ်တင်ဆက်သူဖြစ်သည်။ " ပြည်သူလူထုမှ တရားဝင်ရွေးချယ်တင်မြ

ရန်ကုန်မြို့လည်မှာလဲ သောင်းနဲ့ချီ ”

 သောင်းနှင့်ချီသော ပြည်သူများက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်‌ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၇ရက် ရန်ကုန်မြို.တွင် လှည်းတန်း၊ ရန်ကင်းနှင့် တာမွေများမှ ထွက်ခွာလာကြပြီး ရန်ကုန်မြို.လယ်ခေါင်ဆူးလေတွင် ပေါင်းစုမိကြသည်။  ဖေဖော်ဝါရီ ၆ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ အလုပ်သမားများ၊ လူငယ်များအပါအဝင် သောင်းနှင့်ချီသော ပြည်သူများက ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူများသည် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာရှေ့မှ စတင်ခဲ့တာဖြစ်ပြီး လှည့်တန်းဈေး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ စမ်းချောင်းမှတဆင့် ရန်ကုန်မြို့အတွင်း လမ်းလျှောက်၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်လျက်ရှိသည်။ လူငယ်များ၊ အလုပ်သမားများသည် နနက် ၈ နာရီခွဲတွင် လှည်းတန်းမှ စထွက်ပြီး လှည်းတန်းဈေး၊ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် ချီတက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ရှေ့တွင်  ရဲတပ်ဖွဲ့အင်အား ၁၀၀ နီးပါးမှ အတားအဆီး များ ချခြင်း ရေအမြှောက်ယာဥ်နှစ်စီးတို့ဖြင့် တားဆီးပိတ်ဆို့ခဲ့သည့်အတွက် ဆန္ဒပြသူများက ရှေ့ဆက်မတိုးဘဲ လှည်းတန်းလမ်းဆုံသို့ ပြန်ဆုတ်ခဲ့သည်။ လှည်းတန်းလမ်းဆုံမှ တဆင့် မြေနီကုန်း ရွှေဂုံတိုင် လမ်းဆုံနှင့် တာမွေဗလီထိပ်သို့ ချီတက်ခဲ့သည်။ စစ်အာဏာသိမ်းမှုဆန့

နောက်ဆုံးတိုက်ပွဲ ”

 " နောက်ဆုံးတိုက်ပွဲ " အမေ ဒေါ်အောင်ဆန်းစုကြည် ဟာ အသက် ၇၅ နှစ် ရှိနေပါပြီ။ ဒီတကြိမ်မှာမှ ပြည်သူက ရအောင် ပြန်မလုနိုင်ရင် ခင်ဗျားတို့ သူ့ကို ဒီတသက်ပြန်ရမှာ မဟုတ်တော့ဘူး။  ဒါနောက်ဆုံးတိုက်ပွဲပါ။ ချိုတူးဇော် Crd Photo By - အီကြာကွေး Editor - ဦးစွမ်းရည် စီတန်းလှည့်လဲနေသည့် လူအုပ်ကြီးအား ထွက်ပြီးအားပေးနေရှာသည့် အသက် ၉၀ ကျော်အဘွားအား တွေ့ရစဥ် ... ယနေ့ ရန်ကုန်မြင်ကွင်း အဘွားရဲ့ စိတ်ဓာတ်ဟာ လွယ်ထားတဲ့ အိတ်ကလေးမှာ ပေါ်လွင်လျက်...

စိုက်ပျိုးရေးနှင့်မွေးမြူဝန်ကြီးဌာန အနုနည်းဖြင့် အာခံခြင်းလှုပ်ရှားမှု

 ပြည်သူကရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရအဖွဲ့နှင့် နိုင်ငံခေါင်းဆောင်များအား ထိန်းသိမ်းကာ မတရားသဖြင့်အာဏာကိုရယူခဲ့သည့် စစ်အစိုးရကဖွဲ့စည်းခဲ့သော အစိုးရလက်အောက်တွင် ဆက်လက်လုပ်ကိုင်ခြင်း မပြုဘဲ မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်ရန် အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်နယ်/ တိုင်းများရှိ ဝန်ထမ်း ၃၀၀ကျော်၊ သီးနှံကာကွယ်ရေးဌာနမှ ၉၀၊ စိုက်ပျိုးရေးသုတသေနမှ ၅၀ကျော် စိုက်ပျိုးရေးတက္ကသိုလ်မှ ၅၀ပတ်ဝန်းကျင်၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်း ၃၀​ ကျော်သည် မနက်ဖန် တနင်္လာနေ့မှစ၍ အနုနည်းဖြင့်အာခံခြင်းလှုပ်ခြားမှုကို စတင်မည်ဖြစ်ကြောင်းသိရှိရသည်။ Upload by -U Swan Yee